တောင်းဆု


ရွှေမိုးရယ် မငြိုးလိုက်ပါနဲ့
ဖော်ကွဲသူကျွန်မ
တစ်သသနဲ့အဆွေးပို
ရင်ထဲမှာ စိုလို့ရွှဲ
လွမ်းမျက်ရည်ငိုပွဲ
တောင်းတဲ့ဆုနဲ့
ပြည့်ပါရစေလို့
ဘုရားရှေ့တော်မှောက်အရောက်သွား

ကိုယ်လိုရာတွေး
 တောင်းဆုတွေပြည့်ပါရစေလို့လဲ
ဆုမတောင်ခဲ့ဘူးပေမယ့်
အခုတော့ ကျွန်မ
ဆုတစ်ခုတော့ တောင်းခွင်ပြုပါ

ချစ်သူပေးဖူး အနမ်းဦးကို
မမေ့သောအမှတ်တရ

စိတ်ဝယ်တသသ
မြတ်နိုးမှုတွေဖြင့်
ရင်ခွင်အခန်း ဘယ်ဘက်အခြမ်းတွင်
ထာဝရ သိမ်းဆည်းထားပါသည်

ချစ်သူမှ တစ်ပါး
သူစိမ်းယောကျာ်းများနှင့်လည်း
လော်လီမောက်မှာ
ဖောက်ပြားမည့် အရေ
မနောစိတ်ဘဝင်
တစ်ချက်ကလေးမှ
မဝင်ခဲ့ပဲ သူ့ဆိုသူ့ကိုသာ
သစ္စာထားလို့ အချစ်ပို
မေတ္တာတွေ ရေအဟုန်လို
တစ်သွင်သွင်စီးဆင်
ချစ်နေခဲ့ရသူပါ

တစ်သက်မှာ တစ်ခါ
တစ်ခါမှာ တစ်ချစ်
မြတ်နိုးမှုတွေ ဖဝါးထပ်
ကြင်နာခြင်တွေ
အထပ်ထပ်တိုး
မရိုးနိုင်အောင်ချစ်ခဲ့ရသူပါ

ဤသစ္စာစကား မှန်ကန်ပါက
ချစ်သူတိုး၍ မြတ်နိုးပါစေ
ကြင်သူတိုး၍ ချစ်နိုင်ပါ
သစ္စာတိုး၍ မေတ္တာမိုးတွေ
တပည့်တော် အပေါ်ဍ်
သွန်းလောင်းပါစေကြောင်း
ဆုတောင်းတစ်ခုလေးတော့
ပြည့်ပါရစေ ဘုရား

ယွန်းငယ် ရွှေမိုးရယ် မငြိုးလိုက်ပါနဲ့
ဖော်ကွဲသူကျွန်မ
တစ်သသနဲ့အဆွေးပို
ရင်ထဲမှာ စိုလို့ရွှဲ
လွမ်းမျက်ရည်ငိုပွဲ
တောင်းတဲ့ဆုနဲ့
ပြည့်ပါရစေလို့
ဘုရားရှေ့တော်မှောက်အရောက်သွား

ကိုယ်လိုရာတွေး တောင်းဆုတွေပြည့်ပါရစေလို့လဲ
ဆုမတောင်ခဲ့ဘူးပေမယ့်
အခုတော့ ကျွန်မ
ဆုတစ်ခုတော့ တောင်းခွင်ပြုပါ

ချစ်သူပေးဖူး အနမ်းဦးကို
မမေ့သောအမှတ်တရ
စိတ်ဝယ်တသသ
မြတ်နိုးမှုတွေဖြင့်
ရင်ခွင်အခန်း ဘယ်ဘက်အခြမ်းတွင်
ထာဝရ သိမ်းဆည်းထားပါသည်

ချစ်သူမှ တစ်ပါး
သူစိမ်းယောကျာ်းများနှင့်လည်း
လော်လီမောက်မှာ
ဖောက်ပြားမည့် အရေ
မနောစိတ်ဘဝင်
တစ်ချက်ကလေးမှ
မဝင်ခဲ့ပဲ သူ့ဆိုသူ့ကိုသာ
သစ္စာထားလို့ အချစ်ပို
မေတ္တာတွေ ရေအဟုန်လို
တစ်သွင်သွင်စီးဆင်
ချစ်နေခဲ့ရသူပါ

တစ်သက်မှာ တစ်ခါ
တစ်ခါမှာ တစ်ချစ်
မြတ်နိုးမှုတွေ ဖဝါးထပ်
ကြင်နာခြင်တွေ
အထပ်ထပ်တိုး
မရိုးနိုင်အောင်ချစ်ခဲ့ရသူပါ

ဤသစ္စာစကား မှန်ကန်ပါက
ချစ်သူတိုး၍ မြတ်နိုးပါစေ
ကြင်သူတိုး၍ ချစ်နိုင်ပါ
သစ္စာတိုး၍ မေတ္တာမိုးတွေ
တပည့်တော် အပေါ်ဍ်
သွန်းလောင်းပါစေကြောင်း
ဆုတောင်းတစ်ခုလေးတော့
ပြည့်ပါရစေ ဘုရား

ယွန်းငယ် (12.6.13)

1 comment:

  1. ကဗျာလေးဖတ်ခဲ့တယ် ညီမလေးယွန်းရေ..........
    ကဗျာလေးတွေဆက်လက်ရေးနိုင်ပါစေလိ့

    ReplyDelete