ကျွန်တော့် ယုန်မလေးအတွက်

" ကျွန်တော့် ယုန်မလေးအတွက် "

သူမဟာ ကလေးလိုပါပဲ ...
ဂါဝန်လေးနဲ့  30ပြည့်တဲ့ ကောင်မလေးတဲ့
ယုံကြလားဗျာ ...
မယုံရင်လဲ ပုံပြင်မှတ်ပါ
သူမ အပြင်မှာ တကယ်ရှိတယ် ..

သူမမှာ ချစ်သူလည်းရှိတယ်
ဒီအရွယ် အမှီးမပေါက်ဘာမျောက်လဲလို့ 
မထူးဆန်းစရာပေမယ့် ...
သူမဟာ ထူးဆန်းအောင် ချစ်တတ်ပါတယ် ..
ပြီးတော့ အမှီးပေါက်တဲ့ မျောက်လို ပင်ကူးတိုင်းမကစားဘဲ ..
ကဗျာဆရာတစ်ယောက်ရဲ့ ရင်ရိပ်မိုးအောက်မှာခိုနားရင်း
ချစ်သူကို ချစ်တယ်လို့ 
တစ်လောကလုံးကို ဖွင့်ပြောရဲတဲ့ ယုန်မလေးပေါ့ ...

ကျွန်တော့်ကို အချွဲလေးလို့  ခေါ်တဲ့သူမဟာ
ချစ်သူကို အလိုမကျတဲ့ခါ
ကဗျာတွေရေးပြီး ချွဲတယ် ..
ဖြေရှင်းချက် မျိုးစုံတဲ့ စိတ်ဆိုးမှုကမ်းကုန်တဲ့ကဗျာစာကို
ဟိုပုရိသ အသည်းကြီးကဗျာဆရာလည်း
ခံနိုင်ယိုးလား ... ကလိကလိနဲ့ 
ရင်စုံအသည်းကို ကလိဝင်ထိုးသလိုအဖြစ်တွေတိုးလို့ 
လက်မြောက်ရင်း ဒီကလေးဆိုးအပေါ်
မုန်း မာန် တွေ တင်းနိုင်တော့မှာကို
ဒီတစ်သက် ကျွန်တော်ဖြင့် လမ်းမမြင်မိပါဘူးဗျာ ... ။

နေ့ ရက်တွေက ကွာခြားတာမို့ 
ကဗျာလက်ဆောင်ပါးလေး နောက်ကောက်ကျကို
နူတ်ခမ်းဆူနေမယ်လို့  မြင်ယောင်ရင်း
ကလေးဆိုးကြီးရဲ့ အဝေးမှကျွန်တော်ကလည်း
မွေးနေ့ မှသည် သက်ရှည်လို့ ကျန်းမာ
ချစ်သောသူနှင့် ထပ်တူကျသော
ကောင်းမြတ်သည့် မည်သို့ သောဆန္ဒဆုတောင်းမဆို
ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း
နေ့ တိုင်းမှာပျော်ရွင်ပါစေ ကျွန်တော့်  မမရေ ... ။


မိုးပြေး

No comments:

Post a Comment