&&& နောက် ဆုံး သော ဆု တောင်း&&


ဒို့ နှစ် ယောက် ကျစ် ခဲ့တဲ့ ကြိုးနဲ့

ခု တော့ ကိုယ် တိုင် ကြိုးကွင်းစွပ်

အ လွမ်း နွံ နစ် ခဲ့ ရ ပြီး ။

ချစ် နေ ရ ယုံ သက် သက် နဲ့ လဲ

ကျေ နပ် နေ တတ် ခဲ့ ပါ ပြီး။

ထွက် ခွါ သွား သူ ထက် ကျန် ရစ် သူ

က ပို လွမ်း နေ ရ သ လား။

တွေးမိရင် ရင် လဲ မနာတတ်တော့

သေ ချာ တယ် ဒဏ် ရာ က ခပ်နက်နက်
ထုံ ဆေးထိုး ချက် ဘယ် လောက် ကြမ်းကြမ်း

မနာ ကြင် ဘူးဆို ပေ မယ့်
မညာတမ်း ဝန် ခံရင် မေ့ လို့ တော့ မရဘူး။

ယိုင် နဲ့ နေ တဲ့ စိတ် အ တွေး ကို ဖြေ ဖျောက် နိုင် တဲ့ တစ် နေ့ မှာ
သေရာပါ မယ့် အနာ ရွတ် တစ်ခုက တော့
ဘယ် ဆေးမြီးတို နဲ့ ဖျောက် ဖျက် ရ မ လဲ။


ဝေးဝေး က နေပဲ တောင်းဆု တစ်ခုကို
တိုးဖွဖွ လေး ရေ ရွတ် ခွင့် ပေးပါ။

ချစ် သူ သည်နေ့ လေး အတွက် ပျော် ရွှင် ပါ စေ။

ချစ်သူ သည် နေ့ လေးကို ကောင်းမွန် အေးချမ်းစွာ ဖြတ် သန်းနိုင် ပါ စေ။

ချစ်သူ ထာဝရ ပျော် ရွှင် ပါစေ။

ယွန်းငယ် (7.9.13)

No comments:

Post a Comment