ပုစ္ဆာ
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့
တိုက်ယူမှရမယ့်အချစ် နှလုံးသားမပါရင်
အချစ်လို့ခေါ်နိုင်သလား ။
ကိုယ့်အတ္တကိုရှေ့တန်းတင်
ရယူခြင်းသက်သက်နဲ့
လူတစ်ယောက်ဘဝကို
သိမ်းပိုက်ထားတာကို
အချစ်သူရဲကောင်းလို့
ကိုယ်ပိုင်တံဆိပ်တပ်ဝံ့သလား ။
ကိုယ်ချစ်တဲ့သူတစ်ယောက်အတွက်
ကိုယ့်ကို ချစ်တဲ့သူတစ်ယောက်ကို
အဆုံးရှုံးမခံနဲ့ ဆိုပေမယ့်
အပြောလွယ် အလုပ်သိပ်ခက်တယ် ။
ကိုယ့်အပေါ်ကောင်းသူ
ချစ်တဲ့သူကို လက်တွဲရင်
သူချစ်ကိုရပြီး တစ်ဘဝစာအေးချမ်းပေမယ့်
ကိုယ့်ချစ်တဲ့သူနဲ့တော့ လွဲရမှာပဲ ။
ကိုယ်ချစ်ဆိုတာ ပေးဆပ်ခြင်းဆိုရင်
ချစ်တဲ့သူကိုရပေမယ့်
ကိုယ်ကချစ်တော့
ထာဝရအရှုံးပေး ရင်တော့မအေးပေမယ့်
ချစ်တဲ့သူကိုတော့
ပိုင်ဆိုင်ခွင့်ရပါတယ် ။
ထပ်တူညီတယ်ဆိုတာ
ဘယ်တော့မှမရှိတဲ့ ဟောသည်လောက
ကဲ . . . .
ခင်ဗျာတို့ရော
အချစ်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ကြမလဲ ။
ကျူပ်ကတော့
အချစ်ကို ရယူခြင်းလဲမဟုတ်
ပေးဆပ်ခြင်းလည်း မမည်
ဟော့သည် ရင်ဘတ်ထဲက
ကိုယ်ချစ်တဲ့သူကို
သီးသီးသန့်သန့်လေး
ချစ်နေရယုံနဲ့ ကျေနပ်နေမယ့်ကောင်ဆိုရင်
ခင်ဗျာတို့ ကျူပ်ကို
အရူးလို့ သတ်မှတ်မလားးး
ချစ်တဲ့သူတိုင်းပျော်ရွှင်စရာ
အချိန်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ
ချစ်ခင်လေးစာလျက်
ယွန်းငယ် ( ၄.၆.၂၀၁၃ )
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment