***** မည်သို့ပင် ဆိုစေ *****
**********************

မည်သို့ပင် ဆိုစေ...

ချစ်နေရသည်... ချစ်နေခဲ့သည်.... ချစ်နေမြဲတည်း
တစ်သက်တစ်ခါ ...တစ်ခါ တစ်ဘဝ
ရတောင့်လှခဲ ဘဝတစ်ခုထဲမှာ
သူတစ်ယောက်သာ
အချစ်သခင် ဟုထင်မှတ်လို့ 
ရင်ခုန်သံခြင်း နှင်းအပ်ဖူးသည် ။

မည်သို့ပင် ဆိုစေ.....

ချစ်စကား ခွန်းချို တီတိုးဆို၍
ချစ်၍ ချစ်ခါ ချစ်လာကြ၍
ကာလရက် ရှည် မိုးသက် ကြွေလည်း
မ ဟောင်း မဖြစ်..
အသစ်..သစ်သာ တိုးလျက် ချစ်ကြည်
ဝင်သက် ထွက်တိုး
ကြားလေးတိုးမျှ
ခဏတာပင် မေ့မရ ကြင်လျက်
စိတ်ကူးသမျှ သူ့ အတွက်သာ ပေးအပ်ဆက်နှင်း ခဲ့ဖူးသည်။

မည်သို့ပင် ဆိုစေ.....

ကံအ ကြောင်းငယ်ဖန် လို့
အဆိပ်မြားကိုရွယ်
နှလုံးဗဟိုတည့်ကို ကိုယ်တိုင်ပခွင်း အဆုံးသတ်စီရင် ခဲ့လည်း
ချစ်စိတ် မာန်တက် သူ့ဘက်ကို ငဲ့လို့ အပြစ်တွေအကုန်အစင်
ကံကြမ္မာကိုသာ ပုံချ ရည်ရွယ်ကာ အထာကျကျနဲ့
ဝိညာဉ်လွင့်ပျောက် ကမ္ဘာခြောက်လဲ သူ့တစ်ယောက်သာ
ချစ်ဖို့ရာဟု စိတ်တွေးတေးမှတ် ထားခဲ့ဖူးသည် ။

မည်သို့ပင် ဆိုစေ.....

မညီကာရန် ကြည်သာ နွမ်းလျ
တေးငှက် မဆို ည တွေ ငိုတိတ်
ဆိတ်ဆိတ်လဲ ငြိမ် ချောက်ခြားဟန်ပြ
နံနက်ခင်းအလင်း မသာ
ညိုးလျော် နွမ်းရိရေ ကြည်ဆိတ်သုဉ်း
စိမ့်စမ်းရေ အေး ကင်းဝေးခြောက်လည်း
သူ့ အ ကြောင်းတွေ မှိုင်ဝေ ငေးလျက်
သစ္စာကဗျည်း ရင်တွင်စည်းလျက်
ချစ်မြဲ ချစ်ဆဲ နေတော့မည် ။

.......မည်သို့ပင် ဆိုစေ . . . . .
......မည်သို့ပင် ဆိုစေ.......

ယွန်းငယ်



အပြစ်တွေရှိခဲ့ရင် လည်း


အချစ်နဲ့ ဖယ်ခွါကြည့်


ငြိတွယ်ခဲ့ သမျှ


သံယောဇဉ် ဆက်ထုံးကို


ဘယ်လိုသံသယအ တွေးမျိုးမှ


သွေဖယ်ကာ မသွားနိုင် ခဲ့သူမို့




အိုး . . . . ချစ်တဲ့သူရယ်




အလွမ်း အဆင့်ဆင့်ကို


ငံ့ လင့်လို့ သယ်ဆောင်


သံသရာ ဟိုဘက်ကမ်းထိ


တူမောင် နှံ ယှဉ်ပြိုင် ကူးဖို့


သက်ဆုံးထိ ပန်


တစ် သက်မမုန်းမဲ့ဟန်တွေနဲ့


သစ္စာထား ချစ်ပါရ စေ တော့ မောင် ။




ယွန်းငယ်

&&&& HOPE &&&&



မျှော် လင့် တယ်

ဒါ ပေ မယ့် မ ရ ခြင် တော့ ဘူး ။

ဝမ်း နည်း တယ်

ဒါ ပေ မယ့် မျက် ရည် မ ကျ တော့ဘူး။

ကျွန် မ လှမ်း ခေါ် တယ်

ဒါ ပေ မယ့် ကျွန် မ ရဲ့ ဆန့် ကျင် ရာ အ

ရပ် ဘက် ကို သူ ထွက် ခွါ တယ်။



ကျွန် မ ထပ် ပြီး အော် ခေါ် သေး တယ်

ဒါ ပေ မယ့် သူ ကျွန်မ အ သံ ကို

တစ် ကယ် ပဲ မ ကြား တာ လား

မ ကြား ခဲ့ တာ လား မ ကြား ခြင် ယောင်

ဆောင် ခဲ့ တာ လာ သူ က လွဲ ပြီး ဘယ်

သူ သိ နိုင် ခဲ့ မ လဲ ။



ကျွန် မ ကြိုးစား ပြီ အာ ခေါင်း ကို ခြစ်

နှ လုံး သွေး နဲ့ ရင် ပြီး နောက် ဆုံး တစ်

&&& ဘာလိုသေးလဲ ချစ်သူရယ် &&&



နင့် အ နား မှာ ငါ မရှိ ပေ မယ့်
ငါ့ အ တွေး ထဲ နင် အမြဲ ရှိ တယ်
ဘာ လို သေး လဲ ချစ် သူ ရယ် ။


နီး ခြင်း ဝေး ခြင်း က အ ကွာ အ ဝေး
သတ် မှတ် ချက် တစ် ခု
ဒို့နှစ် ယောက် စိတ် ခြင်း နီး ရင်
ပြက္ခဒိန် ရက် ကို ရေ တွက် စရာ မလိုဘူး
စက္ကန့် တိုင်း လဲ နီး နေ တာ ပဲ
ဘာ လို သေး လဲ ချစ် သူ ရယ် ။

မွန်း ကြပ် မှု တွေ နဲ့ စိုး ရွံ နေ တိုင်း
ကြင် နာ နွေးထွေး မယ့် ရင် ခွင် လေး
တစ် စုံ နဲ့ နှစ်သိမ့် ပေး မယ့် သူ တစ်

ပုစ္ဆာ



အချစ်‌နဲ့စစ်‌မှာ မတရားတာမရှိဘူးတဲ့
တိုက်‌ယူမှရမယ့်‌အချစ်‌ နှလုံးသားမပါရင်‌
အချစ်‌လို့‌ခေါ်နိုင်‌သလား ။

ကိုယ့်‌အတ္တကို‌ရှေ့တန်းတင်‌
ရယူခြင်းသက်‌သက်‌နဲ့
လူတစ်‌‌ယောက်‌ဘဝကို
သိမ်းပိုက်‌ထားတာကို
အချစ်‌သူရဲ‌ကောင်းလို့
ကိုယ်‌ပိုင်‌တံဆိပ်‌တပ်‌ဝံ့သလား ။

ကိုယ်‌ချစ်‌တဲ့သူတစ်‌‌ယောက်‌အတွက်‌
ကိုယ့်‌ကို ချစ်‌တဲ့သူတစ်‌‌ယောက်‌ကို
အဆုံးရှုံးမခံနဲ့ ဆို‌ပေမယ့်‌
အ‌ပြောလွယ်‌ အလုပ်‌သိပ်‌ခက်‌တယ်‌ ။

ကိုယ့်‌အ‌ပေါ်‌ကောင်းသူ
ချစ်‌တဲ့သူကို လက်‌တွဲရင်‌

&&& နောက် ဆုံး သော ဆု တောင်း&&


ဒို့ နှစ် ယောက် ကျစ် ခဲ့တဲ့ ကြိုးနဲ့

ခု တော့ ကိုယ် တိုင် ကြိုးကွင်းစွပ်

အ လွမ်း နွံ နစ် ခဲ့ ရ ပြီး ။

ချစ် နေ ရ ယုံ သက် သက် နဲ့ လဲ

ကျေ နပ် နေ တတ် ခဲ့ ပါ ပြီး။

ထွက် ခွါ သွား သူ ထက် ကျန် ရစ် သူ

က ပို လွမ်း နေ ရ သ လား။

တွေးမိရင် ရင် လဲ မနာတတ်တော့

*ချစ်တာတွေ ပြောကာပြမယ် *


* သူကျွန်မကို မေးတယ်
ရေမြေတွေခြား ဟိုအဝေးကြီးမှာနေတဲ့
မောင့် ကိုမလွမ်းဘူးလားတဲ့

* မေးရက်တယ် မောင်ရယ်
ကျွန်မရင်နဲ့ ရင်ပြီးချစ်တဲ့သူပဲ
မလွမ်းပဲရှိပါ့မလား

* မောင့်ကိုလွမ်းတဲ့အကြောင်း
ကျွန်မစာစီရင်
အလွမ်းဘွဲ့ရေးတဲ့ ကဗျာဆရာတွေ့
လက်မှိုင်ချပြီး ငိုကုန်ပါ့မယ် ရှင်

* လွမ်းတယ်လို့ပြောတိုင်းသာ
အလွမ်းပြေမယ်ဆိုရင် မောင် ကျွန်မလေ