*ချစ်တာတွေ ပြောကာပြမယ် *


* သူကျွန်မကို မေးတယ်
ရေမြေတွေခြား ဟိုအဝေးကြီးမှာနေတဲ့
မောင့် ကိုမလွမ်းဘူးလားတဲ့

* မေးရက်တယ် မောင်ရယ်
ကျွန်မရင်နဲ့ ရင်ပြီးချစ်တဲ့သူပဲ
မလွမ်းပဲရှိပါ့မလား

* မောင့်ကိုလွမ်းတဲ့အကြောင်း
ကျွန်မစာစီရင်
အလွမ်းဘွဲ့ရေးတဲ့ ကဗျာဆရာတွေ့
လက်မှိုင်ချပြီး ငိုကုန်ပါ့မယ် ရှင်

* လွမ်းတယ်လို့ပြောတိုင်းသာ
အလွမ်းပြေမယ်ဆိုရင် မောင် ကျွန်မလေ
ရင်နှစ်ခြမ်းဗြမ်းကနဲနေအောင် ကွဲသွားစမ်းပါစေ
မောင့်ကို လွမ်းကြောင်း
အာခေါင်ခြစ်ပြီး အော်ပြောလိုက်ချင်တယ်

* မောင်ကရုပ်ဆိုးလို့ ကျွန်မတစ်နေ့
မောင့်အနားကထွက်သွားမှာ
ကြောက်သတဲ့လား

* မောင် ကျွန်မအချစ်ကို
အထင်သေးတာလာ ဟင်
မောင်ဟာ မင်းကုသလို ရုပ်မဆိုးသလို
ကျွန်မကလည်း ပပဝတီလို မလှပါဘူး

* ရုပ်ရည်အဆင်း လှပခြင်းသည်
အိုခြင်းနော်က်ဆုံးရှိချေ၏ တဲ့မောင်

* ရုပ်ရည် အသွင်အပြင်ကို မက်လို့
နူညံ့တဲ့နှလုံးသားနဲ့
ကြင်နာတတ်တဲ့ မောင့်ကိုတော့
ကျွန်မ အဆုံးရှုံ မခံနိုင်ပါဘူး

* လောကဓံရဲ့
ပြင်ထန်တဲ့လှိုင်းတံပိုးရိုက်ခတ်မှုကြောင့်
ကျွန်မလဲကြသွားတဲ့ အခါတိုင်း
နွေးထွေစွာနှစ်သိမ့်ပေးတတ်တဲ့
နူးညံ့တဲ့ ရင်ခွင်လေမောင့်မှာရှိတယ်
ကျွန်မအတွက်ဘာလိုသေးလဲ............. မောင်

*အယောင်ဆောင်ပကာသနမပါဘဲ
မောင်ရဲ့ချစ်ခြင်းနဲ့အရာအားလုံးဟာ
ကျွန်မအတွက်တော့
ခမ်းနာနေပါတယ်

*ဘယ်သူတွေ သွေဖျက်ပေမယ့်
မယိုင်မလဲ ခိုင်မြဲတဲ့ သစ္စာနဲ့
တစ်သက်တာအတွက်
မောင့်ကို ချစ်သွားပါ့မယ် ရှင် ။

ယွန်းငယ်(

No comments:

Post a Comment