အမည်လေးတော့ပေးခဲ့ပါ


အမည်လေးတော့ပေးခဲ့ပါ

*အနာပေါ်ပြီး သွေးထွက်မှဒဏ်ရာခေါ်သတဲ့လား
ဒဏ်ရာမပေါ်ပဲ သွေးစိမ်းရှင်ရှင်ထွက်
ငါ့အနာဂတ်ကိုရက်ရက်စက်စက်ဖျက်ဆီး
ဗရပွဒဏ်ရာတွေနဲ့ရင်ကွဲနာမီးကိုရော
ဘယ်လို အမည်ပေးမလဲ .......ချစ်သူ

ပါးပြင်ကိုဖြတ်လို့ မျက်ဝန်းက
စိမ့်ထွက်လာမှမျက်ရည်ခေါ်သလာ
ရင်တွင်းလှိုက်ဆူအပူမီးအားလုံးကိုသိမ်းထုတ်
လူမမြင်ကွယ်ရာမှာနေဆယ်စင်းပူသလို
မချိမဆန့်နဲ့ မျက်ရည်မကျအောင်
ကြိတ်မှိတ်လို့မျိုထားရတာကိုရော
ဘယ်လို အမည်ပေးမလဲ ........ချစ်သူ

လူသိအောင်နင့်အမည်လေးကိုအော
တစ်ကြော်ကြော်နဲ့ပြောနေမှ
လွမ်းတယ်လို့ခေါ်သလား
မျက်ဝန်းလေးတစ်ဖျတ်ဖျတ်ခတ်ရင်တောင်
ချစ်သူပုံရိပ်လေးပေါ်လို့ 
မျှော်လင့်တဲ့စိတ်ကူးတွေနဲ့ အတူကြည်နူးခဲ့တဲ့
တစ်ခဏလေးကို ရူးသွပ်နေတဲ့စိတ်
ရိပ်ရိပ်ကလေးတွေးရင်းနဲ့တောင်
ရင်မှာသိမ့်သိမ့်လေးလွမ်းနေတာကိုရော
အလွမ်းလို့ မခေါ်ဘူးလား.............ချစ်သူ

ငါရဲ့ ချစ်မှတ်တမ်းကို
အပြစ်တွေမဖွဲ့ စတမ်း
ကျောက်ထက်အက္ခရာတင်
ရောက်နေတဲ့ အရပ်မှာတမ်းတမှုတွေနဲ့ 
နှလုံးသားဗဟိုတွင်ထင်ကျန်ရစ
အမြင်မှန်စင်စစ်ဖြစ်စေဖို့ 
ရင်တွင်းကအကြင်နာတရားတို့ ဖြင့်
အမည်လေးတော့ပေးခဲ့ပါလား...........ချစ်သူ

ယွန်းငယ်

၁၈ ဇန်န၀ါရီ ၂၀၁၃
သောကြာနေ့ /၀၃နာရီ ၅၅ မိနစ်

No comments:

Post a Comment