ချည်ထားတဲ့ ကြိုး


သံယောဇဉ်နဲ့ ကျစ်ခဲ့တဲ့
ဒို့နှစ်ယောက်ရဲ့ အချစ်ကြိုးက
အရိပ်မိုးထားတဲ့
အတိတ်ဆိုးတွေကို
လွတ်မြောက်တန်
မေ့တန်ကောင်းပါရဲ့

အချစ်ဆိုတာ
သီအိုရီရွိတ့ဲ သခ်ာၤပုစၧာတစ္ပုဒ္မွ
မဟုတ္တဲ့ဟာ

ရင်ဘတ်ခြင်း တိုက်ဆိုင်မှ
သံစဉ်တေးလှလှနဲ့

လမင်းရဲ့ အေးမြခြင်းတွေ
ပနံရတော့မှာပေါ့

ခွေးအူသံကြားတိုင်းလဲ
အဲ့ သည်ပတ်ဝန်းကျင်မှာ
တစ္ဆေရှိတယ်လို့ တစ်ထစ်ချ
သတ်မှတ်လို့မှမရတာ

ဝင်သက် ထွက်သက်
ကြားကာလ သိစိတ်မှာ
နင် ဆိုတာ
ငါ့အတွက်
ထာဝရ ရှင်သန်ခြင်း

နာကြင်မှုတိုင်းကို
ခါးစည်းခံဖို့
ငါ့ ဘယ်ဘက်ရင်အုံကို
ထုံဆေးခပ်နက်နက်ထိုးမယ်

ပစ်လွှတ်သမျှ မြားကို
အတားအဆီးမဲ့
ရင်ဖွင့်လို့ခံ

တစ်ခုပဲ ဆုတောင်းမယ်
ဒိုနှစ်ယောက် ကျစ်တဲ့ကြိုးနဲ့
ကိုယ်တိုင် ဘယ်တော့မှ
အဆုံးမစီရင်ပါရစေနဲ့ ။


ယွန်းငယ်( 20.6.13)

No comments:

Post a Comment