နွေရူးအသော့


အနေခက် အဖြေမထွက်တဲ့ ပုစ္ဆာတစ်ခုက
ဝုန်း . . . .ဒိုင်း ဆိုပြီး
ကံကြမ္မာရိုင်းက
မိုးမခြိမ်း လျှပ်စီးမလက်ပဲ
သဲသဲမဲမဲ အငြိုးနဲ့ဝင်လာတယ်
ပြင်းထန်လိုက်တာ
နှလုံးသွေးတွေ အန်ထွက်
ညံပွက်နေတဲ့အိမ့်မက်တွေကြောင့်
စိတ်ဝိဥာည်ထွေပြား
ဖြေစရာရှားအာရုံတွေနဲ့ 
အလို...သေချာတယ်
ငါ့ဦးနှောက် အခန်းပျက်နေခဲ့ပြီ

နှာသီးဖျားထိပ်က ရှူရှိုက်မှုလေးရှိနေသေးတယ်
ငါ အသက်ရှင်နေသေးပါလား

ငါမသေဆုံးသေးဘူး
ဟောသည် ကမ္ဘာမြေပြင်ကနေ
အခိုးအငွေ့ အဖြစ်ကွယ်ပျောက်ခွင့်ပေးပါ

စစ်ပွဲတိုင်းအောင်လံထူ
သွေးဆူစေတဲ့စိတ်ရိုင်း
အညှီတိုင်းနဲ့  ယဉ်ပါးနေတဲ့
သူရဲကောင်းရဲ့ ဓါးတောင်
ခုတော့ အသွားမထက်
သွေးဆာခြင်းတွေ ကုန်ခမ်းနေခဲ့တယ်

အပျော်တွေနဲ့ရွှင်မြူး
ရူးခဲ့သမျှအတိတ်အိမ်မက်
ခုတော့
နွေလေရူးရဲ့ သရမ်းချက်
ပင်ခြေရိပ်မှာမြေမခပဲ
ဟိုးအဝေးကိုကြွေလွင့်
ဘယ်ဆီစခန်းပေါက်
ဘယ်ဝယ်ရောက်မယ်မသိတဲ့
ရော်ရွက်ကြွေလိုဘဝ

စိတ်စေရာခဏတာ
တဘ၀စာသစ္စာတွေနဲ့ 
ငါ့အသဲကိုပုံအပ်
နင့်ကိုငါတကယ်ငုံထားမတတ်ချစ်ခဲ့မိပါတယ်

ယွန်းငယ်(11.3.13)

1 comment: