မွေးနေ့ ပဏ္ဍာ
မွေးနေ့ ပဏ္ဍာ
===========
ဒီနေ့ ပေါ့
ချစ်သူမွေးနေ့ 
ဆွေးမြေ့နေတဲ့ အနမ်းတွေကို
တမ်းတရလွန်းတယ်ကွယ်
မှန်းဆလို့  ဆုတောင်း
ငယ့်အသက်တနှစ်ဟောင်းလဲ
ချစ်ကြောင်းရယ်ကုန်စင်အောင်လို့ 
ယုံချင်အောင်ပြောမပြတတ်ဘူးကွယ်
ဇွန်လ (၂၀)ရက်မှာ
မပျက်ကွက်တဲ့ကဗျာလေးနဲ့ 
စာပန်းချီချယ်မှုန်း
ချစ်သူ့ နှလုံးအေးစေကြောင်း
အထပ်ထပ်ဆုတောင်းလို့ 
စိတ်ကျောင်းတိုင်းကိုယ်ပါ
သွားလေရာရန်မခစေပဲ
ဘ၀ပန်းတိုင်ကိုအမှန်မသွေရောက်စေ
အဖန်ဖန်လာမယ့်ပျော်ရွှင်ခြင်း
မွေးနေ့ ရှင်ဘ၀အတွင်းသို့ 
မပြတ်ဒရစပ်သက်ဆင်းစေကြောင်း
ဆုမွန်ကောင်းတောင်းလို့ 
မွေးနေ့ မှ စ၍ အောင်မြင်မှုတွေပွေ့ ပိုက်ရင်း
ဘ၀ကိုပေါ့ပါးလွတ်လပ်စွာဖြတ်သန်းနိုင်စေပါစေလို့ 
မိုးသူ(တောင်ကြီး)
20 June 2013/Thursday
12:00/Noon Time
No comments:
Post a Comment