နှလုံးသားကို လိမ်ညာမိခြင်း



သူ့အချစ်ကို မရှာခြင်တော့ဘူးဆိုမှ
ဥပေက္ခာတရားက
သြော် . . . . 
စိတ်မကောင်းဖြစ်ရလေခြင်းတဲ့
တန်းကနဲ မျက်စောင်းထိုး
ငါ့မှာလေ ခေါင်ငုံ့ရှောင်ဖယ်ဖို့
အချိန်လေးတောင် မရခဲ့ပါဘူး

ပြင်းရှရှ အတိတ်ဒဏ်ရာက
ကုတ်ပိုးလာလာခွ
ခဏ ခဏရင်းထနေတော့လည်း
နင့်ကြောင့်ဆိုပြီး . . . .


ရင်ခွင် မှာတံဆိပ်ကပ်ပြီး
ကြော်ငြာလည် 
ထပ်မဝင်ချင်တော့ဘူးကွယ်

ပြောပြစရာ သံယောဇဉ်က
ရေရာခဲ့ပါလျက် မေ့လျောခြင်း
တစ္ဆေခြောက်လို့ ပျောက်ကွယ်ခဲ့တဲ့
နေ့ရက်တွေအတွက်
ထပ်ပြီးရေတွက်ပြမနေခြင်တော့ပါဘူး

အနမ်းဦးလေးကြောင့်
ရူးခဲ့ရတဲ့ နေ့ရက်တွေနဲ့
နင့်ကို တသသလေး 
ဆွေးနေတယ်လို့ သေချာတယ်

တစ် နှစ် သုံး လေး စတင်ရေတွက်ခြင်းရဲ့ အဆုံးမှာ
နင့်အကြောင်းကို
ငါ ဘယ်တော့မှ ထပ်ပြီးမပြောတော့ဘူးဟာ

ယွန်းငယ်( ၂၀.၈.၁၃)

No comments:

Post a Comment