သူ...


ကျွန်မ သူ့ကိုသတိရတိုင်း gtalk က ချက်ဘောက်လေးထဲမှာ
မက်ဆေ့လေးတွေချန်ထားတာ အကျင့်ပါနေခဲ့တယ် ။
သူဖတ်ဖတ်မဖတ်ဖတ်ကျွန်မ မေးဖို့ ဘယ်တော့မှ မကြိုးစားပေမယ့်
ပို့နေကြထုံးစံကိုတော့ ကျွန်မမဖျက်ခဲ့ပါဘူး ။
အပြင်မှာ လူချင်းတွေ့ရင်လည်း ကျွန်မကို ဂရုမစိုက်သလို နေတတ်သည် ။
ကျွန်မ အရမ်းကို နာကြင်ခံစားရပါသည် ။
သို့သော် ကျွန်မ သူ့အပေါ်မေတ္တာ မပျက်ခဲ့ပါ ။
သူက ဤသို့ ပြောဖူးသည်" အချစ်ဆိုတာ လူတစ်ယောက်အတွက်
အရမ်းကို အရေးကြီးတယ် ကိုယ်တစ်ကယ်မချစ်ပဲ
လူတစ်ယောက်ကို ဘယ်တော့မှ ချစ်တယ်ဟု မပြော
အချစ်ကို အကြီးကြီးတန်ဖိုးထားသည် "ဟု ကျွန်မကိုပြောခဲ့ဖူးသည် ။
သူ့ရဲ့ လူတစ်ယောက်အပေါ်တန်ဖိုးထားတတ်မှု
ကိုယ့်ရဲ့ရင်ခုန်သံကို သစ္စာထားသော စိတ်ဓါတ်အား လေးစားသောကြောင့်
သူကျွန်မကို ဘယ်လိုပင် ဥပေက္ခာပြု၍ ဂရုမစိုက်သော်လည်း
အချစ်ကို အကြီးကြီး ကိုးကွယ် တန်ဖိုးထားသူ ..သူ့အား ကျွန်မ ချစ်သည် ။
" ဂျင်းစိမ်းနဲ့ မိဿလင် " သူကြင်မှ ကိုယ်ကြင်မယ်ဆိုတဲ့ ဆိုရိုးကို ကျွန်မပြောင်းလဲလိုက်ပါသည် ။
သူမကြင်လဲ ကျွန်မကကြင်ရပါမည် ။
အဘယ့်ကြောင့်ဆိုသော် အချစ်ကိုတန်ဖိုးးသော
သူ့အား ကျွန်မ အသက်ထက်ချစ်သောကြောင့်ဖြစ်သည်။

ယွန်းငယ်

No comments:

Post a Comment