ချစ်သူသို့ အိတ်ဖွင့်ပေးစာ
အခန်း (၁)
" ထွက်မသွားပါနဲ့ တောင်းပန်တယ် မင်းနဲ့ဘဝကိုတည်ဆောက်ဖို့ အတွက်ပဲ မမြင်နိုင်တဲ့ ငါ့နောက်ကွယ်မှာ နင်ဘယ်လိုရှိမယ် ငါမသိခဲ့
တွေးမိတိုင်းငါ ရင်မောတယ် ဒီမျက်ရည်များတောင်ခမ်းကုန်သွားလိမ့်မယ်
ငါမငိုတော့ဘူး ကြာရင်ငါရူးမယ် "
ဟင်အင့် ဟင်အင့်....မကြားခြင်ဘူး မကြားခြင်းဘူးကျေးဇူးပြုပြီး ဒီသီချင်းသံကို ဆက်မကြားပါရစေနဲ့ရှင်...ဟောဒီ ရင်ခွင်ရိုင်းက ဒီသီချင်းလေတောင်
နားဆင်ဖို့စွမ်းအားတွေ အဝေးကိုပြေးထွက် ပျောက်ကွယ်ခဲ့တာ ကြာခဲ့ပါပြီရှင်။
အသေအချာလေး ကျွန်မကို နှုတ်ဆက်ဖို့ ခြေလှမ်းစတင် ပြင်ဆင်ခဲ့တဲ့နေ့
ဟုတ်တယ်
အဲ့သည်နေ့ပဲ
ကျွန်မရဲ့ သည်းခံနိုင်စွမ်း ကျွန်မရဲ့ သူ့အပေါ်ချစ်ခြင်း
ကျွန်မရဲ့ မျက်ရည်တွေကို သူဥပေက္ခာပြု ထွက်သွားခဲ့တဲ့ သည်နေ့ ကျွန်မသည်တစ်သက်မေ့ဘို့ရပါ့မလားရှင် ။
စွန်ခွါထွက်သွားသူအတွက် အသစ်ဆန်းတွေကြားမှာပျော်မွေ့ အတိတ်ဆိုတာကို ခပ်ပါးပါးလေးမေ့ထားလို့ရပေမယ်
ကျန်ရစ်ခဲ့သူအတွက်တော့ မရိုးတော့တဲ့ ဝေဒနာတိုးတိုးပြီနာခံခက် မြင်မြင်သမျှသူပုံရိပ်တွေ ထင်ဟပ်နေတဲ့သည်အရပ်က ကျွန်မအတွက် တော့
ရှင်ရက်နဲ့ ငရဲခန်းကို အပို့ခံထားရသလိုပါပဲ။
" ကို " ကျွန်မရင်နဲ့ရင်း အမြတ်တနိုးချစ်လွန်း သူ့လက်ကိုတွဲ ပုခုံးလေးကိုမှီ အားကိုးတစ်ကြီးနဲ့ ဘဝခရီးအတူလျောက်ဖိုရည်ရွယ်သူမို့ ကျွန်မသူ့ကို အမြတ်တနိုးနဲ့ "ကို" လို့တစ်လုံးတည်း ခေါ်ခဲ့တဲ့ သူ့နာမည်က မြတ်ဇော်ခိုင်
ကျွန်မကို ချစ်သူကချစ်စနိုးနဲ့ခေါ်တာက "ကောက်တေးလေး" တဲ့
ကျွန်မခေါင်းလေးကို တယုတယလေးသပ်ပေး ချစ်စနိုးနဲ့ သူစလေတိုင်း
စိတ်မဆိုးချင်ပဲ တမင်ချွဲလို့ ဟန်ဆောင်ပြီး ခဏခဏကောက် ချစ်သူအချော့ခံချင်တဲ့
ကောက်တေးမလေး နာမည်အရင်းက မိုးဇင်ဇင်ထက် လို့ခေါ်ပါတယ် ။
ကျွန်မက ကဗျာရူး လက်တမ်းကဗျာလေးတွေရေးပြီး
သူငယ်ချင်းတွေကို ကိုယ့်အိတ်ကပ်ထဲက မုန်ဖို့အကုန်ကျခံပြီး ကိုယ့်ကဗျာတွေကို အတင်းအားပေးခိုင်လောက်အောင်လဲ ကဗျာရူး စာရူးလေဖြစ်ခဲ့ပါသေးတယ် ။
အဲ့သည်နေ့ကပေါ့ ကဗျာ အသစ်တစ်ပုဒ်သာ မရေးဖြစ်ခဲ့ရင်
သူငယ်ချင်းတွေကို ကဗျာအသစ်လေးရေပြီးကြောင်း ကြွားလုံးမထုတ်ခဲ့ရင်
ကိုယ့်မုန့်ဖိုးနဲ့အိတ်စိုက် ဒကာခံ ရေးပြီးသားကဗျာလေကို မထုတ်ကြွားခဲ့ရင်
"ကို " လို့ ကျွန်မ အမြတ်တနိုးခေါ်တဲ့ ကျွန်မရဲ့ ရင်ခုန်သံအားလုံးကို သိမ်းပိုက်
အိမ်မက်တွေမှာ သူ့အကြောင်းတွေသာစိုးမိုးတဲ့ခဲ့တဲ့ ချစ်ဦးသူ ကို(ခ) မြတ်ဇော်ခိုင်နဲ့ စတင်တွေ့ရှိခဲ့မှာမဟုတ်ခဲ့ပါဘူး ။
ခုတော့ ကိုနဲ့ တွေဆုံဖို့ ဖူးစာရေးနတ်မင်းက မြှားတစ်စင်းကို
ကျွန်မတို့ သူငယ်ချင်းတွေ ထိုင်ပြီး စနောက်ငြင်းခုံနေကျ
ကမ်းနားလမ်းရဲ့ ရေပြင်စပ်လေးကို
လေညို့သံမကြားပဲ လွှတ်တင်ခဲ့ပါတယ် ။
အဲ့သည်အချိန်က စလို့ပေါ့
ကျွန်မရဲ့ ဒိုင်ယာရီ စာမျက်နှာမှာ သူ့အကြောင်းတွေသာ
အများဆုံးနေရာယူခဲ့ပါတော့တယ် ရှင် ။
ယွန်းငယ် (16:41pm 27.4.13)
အခန်း(၂) ကိုဆက်လက်အားပေးပါနော့်
No comments:
Post a Comment