***** မည်သို့ပင် ဆိုစေ *****
**********************

မည်သို့ပင် ဆိုစေ...

ချစ်နေရသည်... ချစ်နေခဲ့သည်.... ချစ်နေမြဲတည်း
တစ်သက်တစ်ခါ ...တစ်ခါ တစ်ဘဝ
ရတောင့်လှခဲ ဘဝတစ်ခုထဲမှာ
သူတစ်ယောက်သာ
အချစ်သခင် ဟုထင်မှတ်လို့ 
ရင်ခုန်သံခြင်း နှင်းအပ်ဖူးသည် ။

မည်သို့ပင် ဆိုစေ.....

ချစ်စကား ခွန်းချို တီတိုးဆို၍
ချစ်၍ ချစ်ခါ ချစ်လာကြ၍
ကာလရက် ရှည် မိုးသက် ကြွေလည်း
မ ဟောင်း မဖြစ်..
အသစ်..သစ်သာ တိုးလျက် ချစ်ကြည်
ဝင်သက် ထွက်တိုး
ကြားလေးတိုးမျှ
ခဏတာပင် မေ့မရ ကြင်လျက်
စိတ်ကူးသမျှ သူ့ အတွက်သာ ပေးအပ်ဆက်နှင်း ခဲ့ဖူးသည်။

မည်သို့ပင် ဆိုစေ.....

ကံအ ကြောင်းငယ်ဖန် လို့
အဆိပ်မြားကိုရွယ်
နှလုံးဗဟိုတည့်ကို ကိုယ်တိုင်ပခွင်း အဆုံးသတ်စီရင် ခဲ့လည်း
ချစ်စိတ် မာန်တက် သူ့ဘက်ကို ငဲ့လို့ အပြစ်တွေအကုန်အစင်
ကံကြမ္မာကိုသာ ပုံချ ရည်ရွယ်ကာ အထာကျကျနဲ့
ဝိညာဉ်လွင့်ပျောက် ကမ္ဘာခြောက်လဲ သူ့တစ်ယောက်သာ
ချစ်ဖို့ရာဟု စိတ်တွေးတေးမှတ် ထားခဲ့ဖူးသည် ။

မည်သို့ပင် ဆိုစေ.....

မညီကာရန် ကြည်သာ နွမ်းလျ
တေးငှက် မဆို ည တွေ ငိုတိတ်
ဆိတ်ဆိတ်လဲ ငြိမ် ချောက်ခြားဟန်ပြ
နံနက်ခင်းအလင်း မသာ
ညိုးလျော် နွမ်းရိရေ ကြည်ဆိတ်သုဉ်း
စိမ့်စမ်းရေ အေး ကင်းဝေးခြောက်လည်း
သူ့ အ ကြောင်းတွေ မှိုင်ဝေ ငေးလျက်
သစ္စာကဗျည်း ရင်တွင်စည်းလျက်
ချစ်မြဲ ချစ်ဆဲ နေတော့မည် ။

.......မည်သို့ပင် ဆိုစေ . . . . .
......မည်သို့ပင် ဆိုစေ.......

ယွန်းငယ်


1 comment:

  1. မညီကာရန် ကြည်သာ နွမ်းလျ
    တေးငှက် မဆို ည တွေ ငိုတိတ်
    ဆိတ်ဆိတ်လဲ ငြိမ် ချောက်ခြားဟန်ပြ
    နံနက်ခင်းအလင်း မသာ
    ညိုးလျော် နွမ်းရိရေ ကြည်ဆိတ်သုဉ်း
    စိမ့်စမ်းရေ အေး ကင်းဝေးခြောက်လည်း
    သူ့ အ ကြောင်းတွေ မှိုင်ဝေ ငေးလျက်
    သစ္စာကဗျည်း ရင်တွင်စည်းလျက်
    ချစ်မြဲ ချစ်ဆဲ နေတော့မည်----------------------အဲဒီအပိုဒ်လေးကိုပိုပြီးကြိုက်တယ်

    ReplyDelete