@@@ ထာဝရ @@@


**** Forever ****

@@@ ထာဝရ @@@


နာဖျားနေတဲ့ နှလုံးသားတစ်စုံက
အိပ်စက်ခြင်းနဲ့ အထာမကျလေတော့
သေချာတယ်

အလွမ်းကို ခေါင်းအုံး
ဒီညလဲ မျက်ရည်နဲ့
နပမ်းလုံးလို့  မိုးလင်းရအုံးတော့မယ်

လွမ်းတာရှိရင် နာတဲ့နဲ့ဖြေတဲ့

ငါ့ရဲ့  ချစ်ခြင်းအဘိဓါန်မှာ
နင်နဲ့ပတ်သက်တဲ့
နာကြင်ခြင်း
နာကျဉ်းခြင်း


အမုန်း ဆိုတာ
ဘယ်တော့မှ စာလုံးပေါင်းဖို့
ခွင့်မပြုခဲ့တော့
လွမ်းသမျှကို နာသမျှနဲ့ဖြေဖို့
ငါ့အတွက်
အတော့်ကိုစကားလုံးရှာဖို့ ခက်တယ်ကွယ်

ရယူခြင်း မရှိတဲ့
ပေးဆပ်ခြင်း သက်သက်

အနိုင်ယူခြင်း မရှိတဲ့
ဆုံးရှုံးခြင်း သက်သက်

ဝန်တိုခြင်း မရှိတဲ့
စွန့်လွှတ်ခြင်း သက်သက်

တခဏတာအတွက် မဟုတ်တဲ့
ထာဝရ ဆိုတဲ့ စကားလေးကို
ရင်မှာ သိုဝှက်
တစ်သက်လုံး အတွက်
ချစ်သွားမယ်ဆိုတာ
ယုံစေချင်ပါတယ် ။ ။


ယွန်းငယ်(၁၀.၆.၁၃)

No comments:

Post a Comment